အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမျိုးသမီးအရေအတွက် စံချိန်တင် မြင့်တက်

အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးအရေအတွက်ဟာ စံချိန်တင် မြင့်တက်လာတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

အခုနိုဝင်ဘာမှာ ပြုလုပ်မယ့် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲဟာ အမေရိကန် အောက်လွှတ်တော် အမတ်နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာတွေအတွက် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အခုချိန်ထိ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ် အရေအတွက်ထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးအတွက် ၁၁ နေရာ၊ အောက်လွှတ်တော်အတွက် အနည်းဆုံး ၁၈၅ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်ကစပြီး အမေရိကန် အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီအမတ် အရေအတွက်ကသာ အသာရနေတာ ဖြစ်တယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။ 

DVB