ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းတာဝန်ခံဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ၊ ခမ်းပါတ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြား

 

တမူး၊ ဇူလိုင် (၈)

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်/ တမူးမြို့နယ် ခမ်းပါတ်မြို့ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ခမ်းပါတ်မြို့ အမှတ်(၂)ရပ်ကွက် လူငယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးမှ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည် ။

အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးနှင့်အတူ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌဒေါက်တာမြင့်သိန်း ၊ဗဟိုကော်မတီဝင် တမူးခရိုင်ပါတီဥက္ကဌ ဦးခင်မောင်ရွှေ ၊ ခရိုင်ပါတီကော်မတီဝင် ဦးရိုထန်းပွီးယာ |တမူးမြို့နယ် ပါတီဥက္ကဌ ဦးမြင့်အောင်| မြို့နယ် ပါတီကော်မတီဝင်များနှင့် မိဘပြည်သူများ စုစုပေါင်း (၃၅၀)ဦး
တတ်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပထမဦးစွာ ဗဟိုအလုပ်အမှုဆောင် တိုင်းတာဝန်ခံ ဦးမြင့်စိုးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး| တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းမှ အမှာစကားပြောကြားကာ တတ်ရောက်လာသော ဒေသခံပါတီဝင်တစ်ဦးမှ ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက်တွင် ခရိုင်ပါတီကော်မတီဝင် ဦးရိုထန်းပွီးယာမှ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ၃: ၄၅ မိနစ်အချိန်တွင် ပြီးစီးခဲ့ပါသည်။