တရုတ်မှ အထည်အလိပ်သွင်းကုန် ၃၂ မျိုးကို အိန္ဒိယက အခွန်နှစ်ဆကောက်ခံမည်

အိန္ဒိယအစိုးရသည် ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းတိုးတက်စေရန်အတွက် တရုတ်မှ တင်သွင်းသော အထည် အလိပ်ကုန်ပစ္စည်း ၃၂၈ မျိုးအပေါ် အခွန်နှစ်ဆကောက်ခံမည် ဖြစ်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ပြန် ထားသည်။ ၁၉၆၂ ခုနှစ် အကောက်ခွန်ဥပဒေပုဒ်မ ၁၅၉ အရ တရုတ်မှ အထည်အလိပ်သွင်းကုန် ၃၂၈ မျိုးကို လက်ရှိ ကောက်ခံနေသော အခွန် ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် အောက်လွှတ်တော်၌ သြဂုတ် ၇ ရက်တွင် ဆွေးနွေးသည်။

အိန္ဒိယသည် တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁၃၆၂ သန်းတန်ဖိုးရှိ အထည် အလိပ်ပစ္စည်းများတင်ပို့ပြီး တရုတ်မှ အမေ ရိကန်ဒေါ်လာ ၂၉ဝ၅ သန်းတန်ဖိုးရှိ အထည် အလိပ်များ ပြန်လည်တင်သွင်းကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၁၅၄၃ သန်းရှိကြောင်း အိန္ဒိယ အထည်အလိပ်ထုတ်လုပ်မှု စက်မှုလုပ်ငန်း အဖွဲ့က ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ သွင်းကုန်၊ ပို့ကုန်စာရင်းကိုကိုးကား၍ ပြီးခဲ့ သည့် ရက်သတ္တပတ်တွင် ပြောသည်။

၂ဝ၁ဝ မှ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၃ မှ ၂ဝ၁၄ ခုနှစ်စာရင်းများကို ပြန်လည်လေ့လာပါက အိန္ဒိယသည် တရုတ်နိုင်ငံသို့ အထည်အလိပ်နှင့် အဝတ်အစားများ အသားတင်တင်ပို့ သည့်နိုင်ငံဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အိန္ဒိယ နိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှု လိုငွေမှာ တိုးမြင့်လာကြောင်း အဆိုပါအဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဆန်ဂျေးဂျိန်းက ပြောသည်။

Source: MWD