ရွှေလှေကျေးရွာအုပ်စုနှင့် ကျောင်းရွာကျေးရွာကို ဆက်သွယ်ထားသောလမ်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဘီးလင်းပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ထည့်ဝင်လှူဒါန်း
ဘီးလင်း၊သြဂုတ် ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရွှေလှေကျေးရွာအုပ်စုနှင့်ကျောင်းရွာကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသောလမ်း သွားလာမှုများအတွက် အခက်အခဲများဖြစ်နေသဖြင့် လမ်းအားပြန်လည်ပြုပြင်နိုင်ရန်အတွက် မွန်ပြည်နယ် ပြည်နယ်ကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှ လိုအပ်သည်နေရာများ အသုံးပြုနိုင်ရန်အတွက် အလှူငွေ (၅၀၀၀၀) ကျပ်အား ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ရွှေလှေကျေးရွာအုပ်ချူပ်ရေးမှူးဖလား ဘော်လုံးပြိုင်ပွဲကျင်းပရာတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေ (၄၀၀၀၀) ကျပ်အား လှူဒါန်းခဲ့ကြောင်သိရသည်။
ယင်းနောက် ယနေ့ (၅) ရက်မြောက်နေ့ ဘီးလင်းမြို့နယ်အတွင်း၌ ရေကြီးမှုများကြောင့် ရေတွင်းများတွင် ရေညစ်များအား စုပ်ထုပ်နေမှုအခြေနေများအား သွားရောက်ကြည့်ရှု၍ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်သိရှိရသည်။