မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ငွေကြေး ခ၀ါချမှုဖြင့် တရားစွဲ

သြဂုတ် ၈

ဒေါ်လာ ဘီလီယံပေါင်းများစွာနှင့်ချီသော ဘဏ္ဍာရေး အရှုပ်တော်ပုံကြီးနှင့် ဆက်စပ်သည့် စွဲချက်သစ်များဖြင့် မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ခ်ကို သြဂုတ် ၈ ရက်မှာ တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နာဂျစ်ကို ငွေကြေး ခ၀ါချမှု စွဲချက် သုံးခုဖြင့် ကွာလာလမ်ပူ တရားရုံးတစ်ခုမှာ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

မလေးရှားတွင် နိုင်ငံပိုင်ရန်ပုံငွေ 1MDB အရှုပ်တော်ပုံကိစ္စ ပေါ်ပေါက်ခဲ့ပြီးနောက် နာဂျစ်သည်လည်း ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး ပြုတ်ကျသွားခဲ့ရသည်။

နာဂျစ်သည် အဆိုပါ နိုင်ငံပိုင်ရန်ပုံငွေထဲမှ မလေးရှား ရင်းဂစ် ၄၂ သန်း (ကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်း) မျှကို ခိုးဝှက်ဖြောင်ထားခဲ့သည်ဆိုပြီး စွပ်စွဲခံထားရပြီး ယင်းစွဲချက်ကို ၎င်းက ငြင်းဆန်ထားသည်။

သို့သော် ယခုအခါ ၎င်းအား ငွေခ၀ါချမှု စွဲချက်သစ် သုံးခု ဖြင့် တရားစွဲဆိုလိုက်ပြီ ဖြစ်သည့်အတွက် အကယ်၍ ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက စွဲချက်တစ်ခုစီအတွက် အများဆုံး ထောင် ၁၅ နှစ်အထိ ကျခံသွားရနိုင်ဖွယ် ရှိနေသည်။

ယခုတစ်ကြိမ် စွဲချက်သစ်များအပြင် နာဂျစ်အနေဖြင့် ပြီးခဲ့သည့် လက ပထမဆုံးအကြိမ် အဖမ်းခံရပြီးနောက် ယုံကြည်မှု ဖောက်ဖျက်မှုအပါအ၀င် အခြားစွဲချက်များဖြင့်လည်း ရင်ဆိုင်နေရလျက်ရှိသည်။

မဟာသီယာဦးဆောင်သော လက်ရှိ မလေးရှားအစိုးရသစ်အနေဖြင့် နိုင်ငံပိုင်ရန်ပုံငွေ 1MDB  မှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူကဲ့ဝှက်ခံရသည် ဆိုသည့် ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေလျက် ရှိသည်။

1MDB မှာ နာဂျစ် အာဏာရှိချိန်က ကိုယ်တိုင် ထူထောင် ကြီးကြပ်ခဲ့သည့် ရန်ပုံငွေတစ်ရပ်လည်း ဖြစ်သည်။

-Ref; AFP