ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိ

ရွှေကျင်၊ သြဂုတ် ၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်းနှင့် ခရိုင်/မြို့နယ်ပါတီမှ တာဝန်ရှိသူများ ဦးဆောင်သော တိုင်းဒေသကြီး ”သီဟသွေး” လူငယ်အဖွဲ့များသည် ယမန်နေ့နံနက် ပိုင်းက ရွှေကျင်မြို့နယ်အတွင်း ဇူလိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေကြီးခဲ့သော ကျေးရွာများသို့ ရေဘေးကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများပေးအပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းနှင့်အဖွဲ့မှ မဒေါက်မြို့ရှိ ရေပေါ်သောင်ကျေးရွာ ချောင်းပျိုးကျေး ရွာရှိ ရေဘေးသင့် အိမ်ထောင်စု ၂ဝဝ အတွက် ထောက်ပံ့ရေးလူသုံးကုန်ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး နောက် ရွှေကျင်မြို့သို့ ဆက်လက်ထွက်ခွာလာပြီး ရေဘေးသင့်အိမ်ထောင်စု ၂ဝဝ အတွက် ထောက်ပံ့ရေးပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ရာ ရွှေကျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်ဝင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရပြီး ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂ဝဝ အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်၊ ငါးသေတ္တာ၊ ယမ်ယမ်ခေါက်ဆွဲခြောက်စသည့် လူ့အသုံးအဆောင်ပစ္စည်းများ ပေး အပ်ခဲ့ကြောင်း သိရသည်။

”ရေကြီးစဉ်ကာလကလည်း ပဲခူးတိုင်းဒေသကြီးနေရာအနှံ့က မြို့နယ်များမှ ကျွန်တော်တို့ပါတီက ”သီဟသွေး” လူငယ်မျိုးဆက်သစ်တွေကလည်း ကဏ္ဍအသီးသီးမှ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ ဆောင်ရွက် ဆဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဘာမျှော်လင့်ချက်မှ မပါပါဘူး။ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ဒုက္ခရောက် ရေဘေးသင့်နေတာကို ကိုယ်ပိုင်အသိနဲ့ စုပေါင်းပြီး ဆောင်ရွက်နေတာပါ။ နောင်ကို လည်း ဆောင်ရွက်နေမှာပါ။ တတ်စွမ်းသရွေ့ ကြိုးစားဆောင်ရွက်နေမှာပါ။ ခုလည်း ရွှေကျင်/မဒေါက်ဘက်က ပြည်သူတွေအတွက် ကျွန်တော်တို့ လာရောက်ကူညီထောက်ပံ့လှူဒါန်းပေးတာပါ” ဟု တိုင်းဒေသကြီး လူငယ် လှုပ်ရှားမှုအဖွဲ့မှ ကိုအောင်ညီညီစိုးက ပြောကြားခဲ့သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)