နာမည်ပျက်မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ရာထူးမှ အနားပေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ရာထူး စတင်တာဝန်ယူချိန်မှစကာ နာမည်ပျက် မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၂ဝဝဝကျော်ကို ရာထူးမှ ထုတ်ပယ်ခဲ့ ကြောင်း သြဂုတ် ၆ ရက်က ဖိလစ်ပိုင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာရီရော့က ပြောခဲ့သည်။

၂ဝ၁၆ ခုနှစ် ဇူလိုင်လမှ ၂ဝ၁၈ ခုနှစ် ဇူလိုင်လအထိ ဖိလစ်ပိုင်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၄ဝ၁ ဦးကို စုံစမ်း စစ်ဆေးခဲ့ပြီး အတိုင်းအတာမတူညီ သည့် ပြစ်ဒဏ်များပေးခဲ့ကြောင်း၊ ¤င်းတို့အနက် ၂၁၈၁ ဦးအား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း၊ ထုတ်ပယ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ ဆိုးရွားစွာ စည်းကမ်း ချိုးဖောက်ခြင်းကြောင့်ဖြစ်ပြီး ကျန် ၃၅၃ ဦးမှာ မူးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဟာရီရော့က ပြောခဲ့ သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၂ဝ၁၆ ခုနှစ် စတင်တာဝန်ထမ်းဆောင် ချိန်မှစကာ မူးယစ်ဆေးဝါးတိုက်ဖျက် သည့် မူဝါဒအား ပြင်းထန်စွာ တွန်းအား ပေး ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အတွင်း အဂတိလိုက်စားမှုများစွာဖြစ်ပွား နေပြီး အချို့ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက် မှုများတွင် ပူးပေါင်းပါဝင်ခဲ့သောကြောင့် ဖိလစ်ပိုင်နိုင်ငံအစိုးရအား များစွာဖိအား ဖြစ်စေခဲ့သည်။
၂ဝ၁၇ခုနှစ်တွင် နာမည်ပျက်စာရင်း ၌ ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၃ဝဝ ခန့်အား ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း အကြမ်းဖက် သမားများ တက်ြ<ွကစွာလှုပ်ရှားသည့် ဒေသတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်ဝတ်စုံ ဝတ်ဆင်ထား သည့် မည်သည့်ရဲတပ်ဖွဲ့ဝင်မဆို မူးယစ် ဆေးဝါးအမှုနှင့် လူသတ်မှုများတွင် ပါဝင်ခဲ့ပါက မိမိ တိုက်ခိုက်သည့် ပစ်မှတ်ဖြစ်လာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ မပြုလုပ်ပါက ဖိလစ်ပိုင်နိုင်ငံတွင် ငြိမ်းချမ်းမှုရရှိတော့မည်မဟုတ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သော မိန့်ခွန်းတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေး က ပြောခဲ့သည်။

ဆင်ဟွာ