ညောင်ဦးမြို့တွင် အမှတ် (၅) ရပ်ကွက်မှ ပါတီဝင်အသစ် လျှောက်လွှာပေးအပ်ပွဲပြုလုပ်

ညောင်ဦး၊ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်အသစ် ၅ဝ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ရန် ပါတီမိတ်ဆွေ ဒေါ်အုန်းကြည်နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက စုပေါင်းလျှောက်လွှာပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းလျှောက်လွှာပေးအပ်ပွဲသို့ ညောင်ဦးခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဒေါ်မြသန္တာဦး၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်အတွင်းမှပါတီဥက္ကဋ္ဌများ၊ ပါတီဝင်အင်အား ၅ဝ တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်အတွင်းရှိ ရွှေစည်းခုံစေတီ တော် ဆွမ်းတော်ကြီးအလှူခံ တီးဝိုင်းအဖွဲ့ ( ဥပသကာ နရီးခုံ) အား လျှပ်စစ်စက်သုံးဆီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)