ကျောင်းဆောင်သစ်ဖွင့်ပွဲ လုပ်ဆောင်ရန် ကျောင်းဝင်းအတွင်းသန့်ရှင်းရေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ပူးပေါင်း လုပ်အားပေး

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲမှစ၍ မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် (၁၂) ရပ်ကွက် ပေါ်ဆန်းမွှေး ၄ လမ်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက (၁၁) ကျောင်းအတွင်း၌ ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပရန်အတွက် ကျောင်းဝင်း အတွင်း၊အပြင်ရှိ မြက်ပင်၊ ချုံပင်များ၊ အမှိုက်သရိုက်များ၊ ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆယ်ယူ ရှင်းလင်းပေးခြင်းလုပ်ငန်းများကို လှိုင်သာယာမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဦးဝဏ္ဏထွန်း၊ (၁၂) ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးမင်းမင်းဇော်နှင့်ကော်မတီဝင်များ ရပ်ကွက်အသီးသီးရှိ ပါတီကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်းများ၊ အလက (၁၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာသိန်းနှင့် ဆရာ ဆရာမများ ပူးပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

မြင့်သိန်း(လှိုင်သာယာ)