စည်​ပင်​သာယာ​ကျေးရွာ ဓမ္မစကူးသို့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှ​ဌေးဝင်းနှင့်​ ပြည်​​ထောင်​စုနယ်​​မြေ ပါတီဥက္ကဋ္ဌ ဦး​ဝေလွင်​ သင်​​ထောက်​ကူပစ္စည်းများနှင့်​ အဟာရဒါနလှူဒါန်း

နေပြည်တော်၊ 5.8.2018

နေပြည်​​တော်​ ပြည်​​ထောင်​စုနယ်​​မြေ ​ဇေယျာသီရိမြို့နယ်​ ကျည်​​ထောင်​​ကျေးရွာအုပ်​စု စည်​ပင်​သာယာ​ကျေးရွာ ရွာဦးဘုန်း​တော်​ကြီး​ကျောင်းတွင်​ ဖွင့်​လှစ်​​သော ယဉ်​​ကျေးလိမ္မာ ဓမ္မစကူးသင်​တန်းသို့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှ​ဌေးဝင်း၊ ပြည်​​ထောင်​စုနယ်​​မြေပါတီဥက္ကဋ္ဌ ဦး​ဝေလွင်​တို့သည်​ သြဂုတ်​လ ၅ နံနက်​ ၉နာရီခွဲအချိန်​တွင်​ သွား​ရောက်​ကြပြီး အဟာရဒါနအတွက်​ အလှူ​ငွေကျပ်​ ၃ သိန်းနှင့်​ သင်​​ထောက်​ကူပစ္စည်းများ လှူဒါန်း​ပေးခဲ့ကြပြီး ရွာဦး​ကျောင်းဆရာ​တော်​အား ဝါဆိုသင်္ကန်းနှင့်​ လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။