ချီလီမှာ ပလက်စတစ်အိတ် အသုံးပြုမှု သမိုင်းဝင်တားမြစ်ချက် ထုတ်

ချီလီနိုင်ငံမှာ ပလက်စတစ်အိတ်တွေ အသုံးပြုမှုကို ဥပဒေထုတ် တရားဝင် တားမြစ်လိုက်ပြီးတော့ သမိုင်း မှတ်တမ်းတစ်ခု တင်လိုက်နိုင်တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံကတော့ ယခုအခါ ပလက်စတစ်အိတ် အသုံးပြုမှုအပေါ် တားမြစ်ပိတ်ပင်လိုက်တဲ့ ပထမဆုံးသော လက်တင်အမေရိက နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

“ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီ ပိတ်ပင်ချက် ဥပဒေကို ထုတ်ပြန်ပြီး ခင်ဗျားတို့နဲ့အတူ အပျော်တွေ ဝေမျှခံစားချင်ပါတယ်” ဆိုပြီး ချီလီ သမ္မတ ဆီဘက်စတီယန် ပီညဲရာက ဆန်တီယာဂိုမြို့လယ် အခမ်းအနား တစ်ခုမှာ ပြောသွားပါတယ်။

ယင်းအခမ်းအနားမှာ ပလက်စတစ်အစားထိုး အ၀တ်အိတ်တွေကို ပြည်သူတွေထံ ၎င်းကိုယ်တိုင် ပေးခဲ့ပါသေးတယ်။

ယခုလို စည်းမျဉ်းသစ်ထုတ်မှုနဲ့အတူ ယင်းနိုင်ငံက စီးပွားရေးလုပ်ငန်းကြီးတွေကတော့ ပလက်စတစ်အိတ် အသုံးပြုမှု ရပ်တန့်ဖို့ အချိန် ခြောက်လ ရမှာဖြစ်ပြီး အသေးစားလုပ်ငန်းတွေကတော့ အချိန် နှစ် နှစ် ရမှာ ဖြစ်ပါတယ်။

ယခု အစိုးရက ထုတ်ပြန်တဲ့ စည်းမျဉ်းတွေကို မထီမဲ့မြင် မလိုက်နာရင်တော့ ဒဏ်ငွေ ဒေါ်လာ ၃၇၀ ထိ  ပေးဆောင်ရဖို့လည်း ရှိနေပါတယ်။

—Ref: AFP