ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများကို ကူညီလှူဒါန်း

 

ပဲခူး သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီလူငယ်အဖွဲ့ဝင်များသည်ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်ညှိနှိုင်း ၍ ပဲခူးမြို့အထက် စည်တော်ကြီး အနောက်ကျေးရွာသို့ သွားရောက် ၍ ရေဘေးဒုက္ခခံစားခဲ့ရသည့် အိမ်ထောင်စု ၄ဝဝ ခန့်အား ငွေ ကျပ်သိန်း ၂ဝ တန်ဖိုးရှိသည့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး များ၊ ဘီစကွတ်နှင့် မုန့်ပဲသရေစာ များ၊ ရေသန့်ဘူးများ၊ ဆန်၊အဝတ်အထည်တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးတိုင်းဒေသကြီးကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံဒေါ်မိုးမိုးအိ၊ ပဲခူးတိုင်းဒေသကြီးကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါ်ခင်ခင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးခရိုင်နှင့် မြို့နယ်လူငယ်တာဝန်ခံများ၊ ပဲခူးမြို့နယ်အတွင်းရေးမှူး ဦးမင်းခန့်ကျော်နှင့် လူငယ်တာဝန်ခံများ ပါဝင်လုပ်အားပေး ဆောင်ရွက်ခဲ့ကြပြီး အဆိုပါကျေးရွာရှိ အိမ်ထောင်စု ၄ဝဝ ခန့်အား တစ်အိမ်တက်ဆင်း သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)