တမူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ

 

စစ်ကိုင်း ဇူလိုင် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ပြည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ရွှေသည် ကော်မတီဝင်ဦးစောအောင်ပွင့်၊ မြို့နယ် ကော်မတီဝင်ဦးသိန်းÓဏ်၊ ထင်းဇင်အုပ်စုပါတီဥက္ကဋ္ဌ ဦးမျိုးဆွေတို့ နှင့်အတူ ယမန်နေ့က ကမ္မကြီး၊နန်ကတိတ်၊ နန်းခေါက်ခေါက်ကျေး ရွာများသို့ သွားရောက်ကာ ပါတီဝင်များနှင့်တွေ့ဆုံသည်။ခရိုင်ပါတီ ဥက္ကဋ္ဌက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီအကြီးအကဲ များဆောင်ရွက်ချက်များ၊ ပါတီရေးရာကိစ္စများကို ရှင်းလင်းပြော ကြားပြီး ဒေသခံပါတီဝင်များ၏ မေးမြန်းချက်များ၊ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ကိုကိုရွှေ