လူမှုကွန်ရက်မှ ရွေးကောက်ပွဲမဲဆွယ်မှုများ ကြီးကြပ်ရန် ဗြိတိန်မီဒီယာကော်မတီ စာထုတ်

ဒစ်ဂျစ်တယ်ခေတ်မှာ ဒီမိုကရေစီကို ကာကွယ်ဖို့ ဗြိတိန်အစိုးရအနေနဲ့ ဖေ့စ်ဘွတ်ခ်လို အင်တာနက် လူမှုကွန်ရက်တွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ကြီးကြပ်မှု မြှင့်တင်သင့်တယ်လို့ ဗြိတိန်အောက်လွှတ်တော် မီဒီယာကော်မတီက ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ လူမှုကွန်ရက်တွေဟာ အချက်အလက်တွေကို ဆန်းစစ်ပြီး မဲဆွယ်သူတွေ မဲဆန္ဒရှင်တွေဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် လုပ်နေတယ်လို့ ကြားဖြတ် အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်ဖို့ရှိပေမယ့် အစီရင်ခံစာမိတ္တူဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မှု ထောက်ခံတဲ့ မဲဆွယ်အဖွဲ့ ညွှန်ကြားရေးမှူး ဒေါမနစ် ကောလင်းစ်ဆီကနေ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

DVB