ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးဖြစ်နေတဲ့ ချဲလ်ဆီး

Daily Mirror သတင်းစာက ပရီးမီးယားလိဂ်ကလပ်အသင်းတွေအားလုံးကို တစ်သင်းချင်းစီအလိုက် မုန်းလားဆိုပြီး ပရိသတ်တွေကို ဆန္ဒမဲကောက်ခံခဲ့ရာမှာ အမုန်းခံရဆုံးအသင်းက ချဲလ်ဆီးအသင်း ဖြစ်နေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးကို မုန်းတယ်လို့ မဲပေးတဲ့ ပရိသတ်က ၆၈.၇ % ရှိပြီး ဒုတိယနေရာက မန်ယူကလည်း ချဲလ်ဆီးနဲ့ သိပ်တော့ မကွာပါဘူး။ သူတို့ကို မုန်းတဲ့သူကလည်း ၆၈.၁ % ရှိခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကတော့ မုန်းတဲ့ရာခိုင်နှုန်း ၃၈.၇ သာရှိလို့ ထိပ်သီး ၆ သင်းထဲမှာ အနည်းဆုံးပါပဲ။

ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံး ၁၀ သင်းကတော့ – ချဲလ်ဆီး – ၆၈.၇ % ၊ မန်ယူ – ၆၈.၁ % ၊ လီဗာပူး – ၅၂.၈ %၊ ဝက်စ်ဟမ်း – ၄၇.၆ % ၊ အာဆင်နယ် – ၄၆.၂ %၊ စပါး – ၄၃.၅ % ၊မန်စီးတီး ၃၈.၇ % ၊ကာဒစ်ဖ် ၃၆.၅ % ၊ပဲလေ့စ် ၂၉.၇ % ၊အဲဗာတန် – ၂၇ % တို့ပဲ ဖြစ်ပါတယ်။

90Minutes