ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးထုတွေ့ဆုံ အနာဂတ်မြန်မာနိုင်ငံတော်အရေးဆွေးနွေး

 

ရန်ကုန် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက အမျိုးသမီးထုတွေ့ဆုံပွဲနှင့် အနာဂတ် မြန်မာနိုင်ငံတော်အရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အစီအစဉ် ခြောက်ရပ်ဖြင့် ကျင်းပရာ အစီအစဉ်များအရ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း ဖြင့် စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဗဟိုအမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က အဖွင့်အမှာစကားပြောခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်က ပါတီလုပ်ငန်းလမ်းညွှန်အမှာစကား ပြောကြားခြင်း၊ ပြည်ခိုင်ဖြိုးပါတီ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင်က အမျိုးသမီးရေးရာကိစ္စ များနှင့်ပါတီနိုင်ငံရေးအခြေအနေများရှင်းလင်းပြောကြားခြင်း၊ ထန်းတပင် ပြည်ခိုင်ဖြိုးပါတီယာယီဥက္ကဋ္ဌ ဦးလှအောင်က အနာဂတ်မြန်မာနိုင်ငံတော် အရေး ဆွေးနွေးဟောပြောခြင်းများပြုလုပ်သည်။

အဆိုပါတွေ့ဆုံပွဲနှင့်မြန်မာနိုင်ငံအရေးဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးအလုပ်အမှုဆောင် များ၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ထန်းတပင်မြို့နယ် ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ အင်အား ၂ဝဝ တက်ရောက်ကြောင်း သိရသည်။

ဇော်သိန်း(ထန်းတပင်)