အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ လပတ်​ပုံမှန်​ညှိနှိုင်း အစည်းအ​ဝေးကျင်းပ

 

မန္တ​လေးခရိုင်​၊အမရပူရမြို့နယ်​လပတ်​ပုံမှန်​ညှိနှိုင်းအစည်း အ​ဝေးကို ယ​နေ့နံနက်​ ၁၀နာရီမှ၁၂နာရီအထိ မြို့နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမတွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။

အစည်းအ​ဝေးတွင်​ လာမည့်​ကြားဖြတ်​​ရွေး​ကောက်​ပွဲ၌ပါဝင်​​သော ရှမ်းတိုင်းရင်းသားမဲစာရင်းကိစ္စ၊ ပါတီဝင်​အင်​အားများတိုးချဲ့စည်းရုံး​ရေးကိစ္စနှင့်​ လက်​ရှိဖြစ်​​ပေါ်​နေ​သောနိုင်​ငံ​ရေးအ​ခြေအ​နေများအ​ပေါ်​ဆွေး​နွေးခဲ့ကြပြီး အစည်းအ​ဝေးပြီးဆုံးချိန်​တွင်​မြို့နယ်​ပါတီမှကြာဆံဟင်းခါးဖြင့်​ တည်​ခင်းဧည့်​ခံ​ကျွေး​မွေးခဲ့သည်​။

အစည်းအ​ဝေးသို့ အမရပူရမြို့နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​နှင့်​​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ အမရပူရမြို့နယ်​အတွင်းရှိ ရပ်​/​ကျေး​ကော်​မတီဥက္ကဋ္ဌများနှင့်​ပါတီ ဝင်​များအပါအဝင်​စုစု​ပေါင်းအင်​အား(၁၀၀)ဦးခန့်​တက်
ရောက်​ခဲ့​ကြောင်းသိရသည်​။