ဆိုင်းဘုတ်တင်၊ ပါတီဝင်ကဒ်ပေးအပ်ခြင်း အခမ်းအနား

 

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီ မန္တလေးခရိုင်တွဲ ဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီ ပြည်ကြီးတံခွန်မြို့နယ် နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း၊ ခရိုင်ကော်မတီ ဦးသောင်းညွန့် ယာယီဘဏ္ဍာရေးမှူး မြို့နယ်ဥက္ကဌဦးစိုးအေး၊အတွင်းရေးမှူး ဦးအောင်မျိုးခိုင်နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ဥက္ကဌများနှင့် ပါတီ ဝင်များ၊ပါတီဝင်အသစ်များနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၆၀)ဦး တို့တက်ရောက်ခဲ့ပါသည်။
ယနေ့၂၆.၇.၂၀၁၈ရက်နေ့ မင်္ဂလာအချိန် နံနက်၉.၀၀နာရီအချိန် တွင် ယာတော်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီ အလံသစ်တင်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။
ဆက်လက်ပြီး ယာတော်ရပ်ကွက်၊ ဓမ္မပါလကျောင်း ဆရာတော် ဥူးပညာသီရိထံ ဝါဆိုသင်္ကန်းနှင် ကျောင်းအဆောက်အဦးအတွက် အလှူငွေ (၁၀၀၀၀၀၀)ဆယ်သိန်းကျပ်ကို ယာတော်ရပ်ကွက်ပါတီ ဥက္ကဌ ဒေါ်ဆွေဆွေရီမှ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထိုနောက် ယာတော်ရပ်ကွက်ပါတီဝင်အသစ်များအား ပါတီဝင်ကဒ် များပေးအပ်ခြင်းနှင့်အတူ ပါတီဝတ်စုံများပေးအပ်ခဲ့ပါသည်။