ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဘီးလင်းပြည်ခိုင်ဖြိုးပါတီနှင့် တွေ့ဆုံ
ဘီးလင်း၊ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းဝေးခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်၌ ကျင်းပသည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် တွေ့ဆုံပွဲသို့ ဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း တက်ရောက်ပြီး အမှားစကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ မိမိတို့မြို့နယ် ရပ်/ကျေးများ၏ အခြေနေမှန်ကို တင်ပြရန်၊ ပါတီတွင်းစည်းလုံးညီညွတ်ကြရန်၊ မြို့နယ်ကော်မတီဝင်များအနေဖြင့် ပါတီလုပ်ငန်းဆောင်ရွက်ရာတွင် အောက်ခြေပါတီအထိ ရောက်ရှိအောင် ထိတွေ့ကြရန်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများမှ မိမိတို့၏ ကျေးရွာအခြေနေများ၊ ရပ်ကွက်ကျေးရွာအလိုက် ပါတီလုပ်ငန်းများဆောင်ရွက်မှုများကို တင်ပြကြကြောင်း သိရသည်။
ထို့နောက် ဗဟိုအလုပ်မှုဆောင်ပြည်နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချူပ်အမှာစကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်ပါတီအတွင်းရေးမှူး ဦးစောဥာဏ်ဝင်း၊ ခရိုင်ကော်မတီဝင် ဦးသန်းလွင်ဦး၊ ဘီးလင်းမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။