ဘလွန်းဒီအောကို ဂရုမစိုက်ဘဲ ကမ္ဘာ့ဖလားသာလိုအပ်ဟု မက်ဘီပြော

ကမ္ဘာ့ဖလားကိုသာအ လိုရှိပြီး ဘလွန်းဒီအောကဲ့သို့တစ် ဦးချင်းဆုများကို စိတ်မဝင်စားဟု ပြင်သစ် ဆယ်ကျော်သက် တိုက် စစ်မှူး ကိုင်လီယန်မက်ဘီက ပြောကြားသည်။

မက်ဘီသည် ပြင်သစ်က ဘယ်လ်ဂျီယံကို နိုင်သောပွဲတွင် ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှူး အိုလီ ယာဂျီရော့ဒ်အတွက် ပဉ္စလက် ဆန်သောဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့သည်။

ပြင်သစ်သည် ၁၉၉၈  ကမ္ဘာ့ဖလားနောက်ပိုင်း ထပ်မံအောင်ပွဲ မခံရသေးဘဲ ယခုဗိုလ်လုပွဲတက် ရောက်ပြီဖြစ်ကာ မက်ဘီလည်း ပြိုင်ပွဲ၏ အကောင်းဆုံးကစား သမားဆုကိုချီးမြှင့်မည့် ရွှေဘောလုံးဆုအတွက် တစ်ပေး ခံထားရသည်။

ထို့အပြင် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားတွင် တစ်ဂိုးထက်ပိုသွင်းယူနိုင်သော ဆယ်ကျော်သက်အဖြစ် ဘလွန်းဒီအောဆု မှန်းနိုင်သည်ဟု ဖော်ပြကြသည်။

‘‘ကျွန်တော်တို့ မခိုမကပ်ဘဲ အတူတကွ အလုပ်လုပ်ကြတယ်ဆိုရင် ချီးမြှင့်ခံရပါမယ်။ အသင်းကို ကူညီ ပေးနိုင်တယ်ဆိုရင် ဒါဟာ ကျွန်တော့်အတွက် အရေးအကြီးဆုံးပါပဲ။ ဘလွန်းဒီအောကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကမ္ဘာ့ဖလားပဲ လိုချင်ပါတယ်’’ ဟု ပြင်သစ်အတွက် သုံးဂိုး သွင်းယူထားသူ မက်ဘီက ပြောသည်။

—Ref:FFT