ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

လွိုင်ကော်၊ ဇူလိုင် ၁၂

ယနေ့ ၁၂-၇-၂၀၁၈ ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီတို့ လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ယာယီ အတွင်း ရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်ဒေါရစ်လေး၊ လွိုင်ကော်ခရိုင်ပါတီဥက္ကဌ ဦးမျိုးမြင့်ဦး၊ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဦးစူးရယ်၊ ဦးတူးရယ်၊ ဦးပီတာလင်း၊ ဒေါ်ခင်မေလတ်နှင့် ဒေါ်ခရစ္စတင်းမီးမီးတို့ တက်ရောက် ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ