မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ စည်းရုံးရေးကွင်းဆင်းဆောင်ရွက်

 

မြို့နယ်အတွင်းရေးမှူး ဦးကျော်ကျော်ဦး၊ ကော်မတီဝင် ဒေါ်တင်ညို ( ၇ ) ရပ်ကွက် ရပ်ကျေးဥက္ကဋ္ဌ ဦးစိုင်းစိုးမြင့်နှင့်ဒေါ်သီတာအေး ၈ ရပ်ကွက်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်သီသီအောင်နှင့်ဦးမောင်ဦး၊ ဒေါ်မျိုးသဇင် ပါ ( ၇ ) ဦးအဖွဲမှ ကား ၂ စီးဖြင့် မိုင်းလုံမြို့နယ်သို့ ညအိပ် စည်းရုံးရေးကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယခုအချိန် ပန်ကွမ်ရွာ စာသင်ကျောင်းတွင် ဗလာစာအုပ် ၂၀ ဒါဇင် ဘော့ပင်အချောင်း ၁၀၀ ကိုလှူဒါန်းပေးခဲ့ရာ ကျေးရွာကျောင်းကော်မတီဝင်များနှင့် ကျေးရွာစည်း/မှူး ဦးဟန်မြင့်တို့မှ ကြိုဆို လက်ခံခဲ့ကြသည်။
ဆက်လက်ထွက်ခွာရာ လမ်းဘေးရှိစာသင်ကျောင်းများကို ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပေးသွားမည်ဖြစ်သည် ဗလာစာအုပ် ၅၀ ဒါဇင်ကို ပြည်ခိုင်ဖြိုးမိတ်ဘက် စေတနာအလှူရှင်များမှ ပါဝင်လှူဒါန်းခဲ့ပါသည်။

credit >>> kyaw kyaw oo