ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၅ ဦး စာရင်းပေး

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၉ ရက်အထိ နိုင်ငံရေးပါတီ ၁၆ ခုမှ ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၅ ဦးအမည် စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင် ၉ ရက်အထိ တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း စာရင်းအရ ဒီချုပ်က ကိုးဦးဖြင့် အများဆုံးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက လေးဦး အမည်စာရင်းတင်သွင်းထားသည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်းတင် သွင်းထားသူ လေးဦးရှိသည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ ဒီမိုက ရက်တစ်ပါတီ (မြန်မာ)၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်တိုက ကိုယ်စားလှယ် လောင်း အ မည်စာရင်း တင်သွင်းထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေအရလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနည်းဆုံး သုံးနေရာ  ပါဝင်ယှဉ်ပြိုင်ရမည့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ အလုပ်သမား ပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီတို့က ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းထားသည်။ သို့သော် အလားတူ ပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ပြည်သူ့ဘဝဖွံ့ဖြိုးတိုး တက်ရေးပါတီတို့က ကိုယ်စားလှယ်လောင်း အမည်စာရင်းတင် သွင်းခြင်း မရှိသေးပေ။

 လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ယခုနှစ်နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ဇူလိုင် ၂ ရက်မှ ဇူလိုင် ၁၁ ရက်အတွင်း တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ထို့အပြင် ကိုယ်စားလှယ်လောင်း တင်သွင်းလွှာများကို ရုပ်သိမ်း လိုပါက ဇူလိုင် ၁၃ ရက် နောက်ဆုံးထား၍ ရုပ်သိမ်းနိုင်သည်။

‘‘သတ်မှတ်ထားတဲ့ရက်ပြီး သွားရင်တော့ ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းလို့မရတော့ပါဘူး။ ဒါပြီးရင် ကျွန်တော်တို့ ကော်မရှင်က အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်မှာဖြစ်ပါတယ်’’ ဟု ဦးမြင့်နိုင်က ပြောသည်။ ကော်မရှင်သည် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ဇူလိုင် ၁၆ ရက်မှ ၂၆ ရက် အထိစိစစ်မည် ဖြစ်သည်။

၂၀၁၇ က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ စုစုပေါင်း ၉၅ ဦး ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။