ကမ္ဘာ့ဖလား ဆီးမီး ဖိုင်နယ် Belgium နဲ့ ပြင်သစ် ပွဲ

ပြင်သစ်သမ္မတနှင့် ဘယ်လ်ဂျီယံဘုရင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်အားပေးမည်

ကမ္ဘာ့ဖလားဘောလုံးအကြိုဗိုလ်လုပွဲရဲ့ ပထမပွဲစဉ်ကို ဒီကနေ့စတင်ပါလိမ့်မယ်။ ပြင်သစ်နဲ့ Belgium အသင်းတို့ ကစား ကြမှာပါ။

မနက်ဖြန်ကျရင်တော့ ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းတို့ကစားကြမှာဖြစ်ပြီး နိုင်တဲ့၂သင်းက နောက်ဆုံးဗိုလ်လု ပွဲကိုတက်၊ ရှုံးတဲ့၂သင်းက တတိယနေရာကို လုရမှာပါ။ နောက်ဆုံးဗိုလ်လုပွဲကို ရုရှားနိုင်ငံရဲ့မြို့တော်မော်စကိုမှာ တနင်္ဂနွေနေ့ကျရင် ကျင်းပပါလိမ့်မယ်။

ဒီကနေ့ကစားမယ့် Belgium အသင်းဟာ ကမ္ဘာကျော် ဘရာဇီးလ်အသင်းကို ၂ဂိုး၁ဂိုး နဲ့ကွာတားဖိုင်နလ်မှာ အနိုင်ယူခဲ့ပြီး အုပ်စုအဆင့်ပွဲစဉ်တွေမှာတုန်းက အင်္ဂလန်အသင်းကို ၁ဂိုးဂိုးမရှိနဲ့ ဘယ်ဂျီယံကနိုင်ခဲ့ ဖူးတာပါ။

တကယ်လို့ ခရိုအေးရှားကို အင်္ဂလန်ကနိုင်ပြီး ပြင်သစ်ကို Belgium ကနိုင်မယ်ဆိုရင် နောက်ဆုံးဗိုလ်လုပွဲမှာ လည်း အင်္ဂလန်နဲ့ Belgium တို့နောက်တကြိမ်ထပ်တွေ့ကြမယ့်သဘောပါ။ ဒီကနေ့ကစားမယ့် ပြင်သစ်အသင်းက လည်း ကမ္ဘာကျော် အာဂျင်တီးနားအသင်းကို ၁၆သင်း ရှုံးထွက်အဆင့်တုန်းက ၄ဂိုး၃ဂိုးနဲ့အနိုင်ရခဲ့တာပါ။

အဲဒါကြောင့် ရုရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘတ်မြိုကမှာ ဒီကနေ့ကစားမယ့် ပြင်သစ်နဲ့ ဘလ်ဂျီယန်ပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတခုလို့ ခန့်မှန်းရပါတယ်။

-Ref; Sky sports