ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဆိုင်းဘုတ်နှင့် အလံသစ်တင်ပွဲကျင်းပ

 

ဒက္ခိဏသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့နံနက် ၉ နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်၌ ပါတီဆိုင်းဘုတ်သစ် နှင့်ပါတီအလံသစ်လွှင့်တင်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီ ခရိုင်ကော်မတီဝင် မြို့နယ် တာဝန်ခံဦးခင်မောင်ထွန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်၊ မြို့နယ် လူငယ်တာဝန်ခံဦးကျော်နိုင်ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်၊ ကျေးရွာဥက္ကဋ္ဌများနှင့် ကော်မတီ ဝင်များ၊ လူငယ်အဖွဲ့ဝင်များအင် အား ၅ဝ တက်ရောက်ခဲ့ကြပြီး ပါတီဆိုင်းဘုတ်နှင့် အလံသစ် တို့အား ပြောင်းလဲတပ်ဆင်ခဲ့ကြ ကြောင်း သိရသည်။ ယင်းနောက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်း မတွင် မြို့နယ်နှင့် ရပ်/ကျေး ကော်မတီအဖွဲ့ဝင်များက ပါတီလုပ် ငန်းစဉ်၊ ယနေ့ နိုင်ငံရေး၊ ဘာသာ ရေး၊ လူမှုရေး၊ ကျေးရွာဒေသ ဖွံ့ဖြိုးရေး လစဉ်ပုံမှန်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ပြီး မွန်းတည့် ၁၂ နာရီ တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)