မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဗြိတိန်က စတာလင်ပေါင် ၉၇ သန်း ထောက်ပံ့

မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှုအတွက် စတာလင်ပေါင် ၉၇ သန်းကို ဗြိတိန်နိုင် ငံက ထောက်ပံ့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ယင်းထောက်ပံ့မှုသည် ၂၀၁၉-၂၀၂၃ အထိဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုရရှိစေရန် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယူကေ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန (DFID)မှကျန်းမာရေး ဆိုင်ရာအတိုင်ပင်ခံ ဒေါက်တာမြသက်စုမော်က ပြောသည်။

‘‘ကန်ဒေါ်လာနဲ့ တွက်ရင် တော့ ၁၂၅ သန်းနီးပါးရှိတယ်။ ဝေးလံခေါင်ဖျားတဲ့ နေရာတွေ၊ တိုင်းရင်းသားတွေ ရှိတဲ့နေရာ တွေမှာ ကျန်းမာရေးစောင့်ရှောက် မှုတွေပေးသွားမယ်။ နောက် မသန်စွမ်းတွေ၊ မိခင်နဲ့ကလေး တွေကို လူတိုင်းလက်လှမ်းမီနိုင် တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးပါမယ်’’ ဟု  ၎င်းကပြောကြားသည်။ ယင်းရန်ပုံငွေဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များတွင် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျား၊ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေး စနစ်ပိုမိုတိုးတက်လာစေရန် ယူကေနိုင်ငံတကာဖွံ့ဖြိုးတိုးတက် ရေးဌာန (DFID)က ၂၀၀၀ ပြည့် နှစ်ကတည်းက စတင်ထောက်ပံ့ ပေးခဲ့သည်။ ၂၀၁၃ မှ ၂၀၁၈ အထိ ကျန်းမာရေးဆေးခန်း ၁၀၀ ကျော်ကို ထောင်စုနှစ်ဖွံ့ဖြိုးတိုး တက်ရေးရည်မှန်းချက်သုံးမျိုးရန် ပုံငွေ 3MDG မှတစ်ဆင့်ဆောက် လုပ်ပေး ခဲ့သည်။