တိုကျိုမြေအောက်ဘူတာရုံမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကို ဂျပန် ကွပ်မျက်

ဇူလိုင် ၆

၁၉၉၅ ခုနှစ်တုန်းက တိုကျို မြေအောက်ဘူတာရုံမှာ ဆာရင်းလို့ ခေါ်တဲ့ အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အယူသည်းဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကို ဇူလိုင် ၆ ရက်မှာ ဂျပန်အာဏာပိုင်တွေက ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာပျက်တော့မယ်လို့ ယုံကြည်နေတဲ့ ယင်းအယူသည်းဂိုဏ်းအဖွဲ့က ၁၉၉၅ ခုနှစ်ကပဲ အဆိုပါ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဂျပန်တွင် သာမက တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်စေခဲ့တဲ့ ယင်းတိုက်ခိုက်မှု ဖြစ်ပြီး ၂၃ နှစ်အကြာကျမှ ယခုလို ကွပ်မျက်စီရင်မှုကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Aum Shinrikyo ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Shoko Asahara  နဲ့ ၎င်းရဲ့ နောက်လိုက်ခြောက်ဦးတို့ကို ကွပ်မျက်လိုက်တာဖြစ်ပါတယ်။

လူ ၁၃ ဦးသေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ အဆိုပါ တိုကျို တိုကျို မြေအောက်ဘူတာရုံတိုက်ခိုက်မှု ဖြစ်ပြီးနောက် ယခုလို ပထမဆုံးအကြိမ် ကွပ်မျက်စီရင်မှုကို လုပ်ဆောင်နိုင်ခဲ့တြာ ဖစ်ပါတယ်။ နောက်ထပ်လည်း သေဒဏ်ကျနေတဲ့ အခြားသော ဂိုဏ်းသားခြောက်ဦးလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

Ref: AFP