မြန်မာ့လက်ရွေးစင်အသင်းအတွက်ပါ အန်တိုနီဟေး လူရွေးချယ်လျက်ရှိ
အာရှအားကစားပွဲတွင် မြန်မာ၊ မြောက်ကိုရီးယား၊ ဆော်ဒီ၊ အီရန် တအုပ်စုတည်းကျ
မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာယူ – ၂၃ အသင်းတို့ကို ပူးတွဲကိုင်တွယ်နေသည့် ဂျာမနီလူမျိုး နည်းပြအန်တိုနီဟေး သည် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ – ၂၃ အသင်းအတွက် လူရွေးချယ်ရန် ပြည်တွင်းလိဂ် ပွဲများလိုက်လံ ကြည့်ရှုလျက်ရှိပြီး ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း အတွက်ပါ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
အန်တိုနီဟေးသည် အသင်းနှစ်သင်းအတွက် တစ်ပေါင်းတည်း ပြင်ဆင်နေခြင်းဖြစ်ပြီး မြန်မာယူ – ၂၃ အသင်းတွင်
လည်း (၂၃) နှစ် အထက်ကစားသမား (၃) ဦးရွေးချယ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာလတွင် နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် ယူ – ၂၃ အသင်းမှ ကစားသမား အများစုပါဝင်လာမည် ဖြစ်သည်။