ပါတီအလံသစ်တင်ခြင်းအခမ်းအနား မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျင်းပ

 

မိတ္ထီလာ ဇူလိုင် ၅

မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ်ပါတီရုံးမျက်နှာစာ ရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီ မှ ၁၁ နာရီအထိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို လွှင့် တင်ခြင်းအခမ်းအနားကျင်းပသည်။

အဆိုပါ အလံလွှင့်တင်ခြင်း အခမ်းအနားကိုပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာ ခရိုင်ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် မိတ္ထီလာမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးလွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၅၁ ဦးတို့က ပါတီအလံ သစ်လွှင့်တင်ပြီး
နိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုကာပါတီအလံသစ်လွှင့်တင်ခြင်း အောင်မြင်စွာတင်ပြီးကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၁၁ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ပြည်ခိုင်ဖြိုးပါတီမြို့နယ်အစည်းအဝေးခန်းမတွင် ရပ်ကျေးဥက္ကဋ္ဌများ၊ လပတ်ပုံမှန်အစည်းအဝေးကျင်းပပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ကအဖွင့်အမှာစကားပြောကြားရာ မိမိတို့မြို့နယ်သည် ၂ဝ၁ဝ-၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသည့် မြို့နယ်ဖြစ်သည့် အတွက်ဆက်လက်ထိန်းသိမ်းအနိုင်ရရှိနိုင်ရန်အတွက် ပါတီဝင်တိုးပွား ရေး၊ မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ လိုအပ်ချက်ဖွံ့ဖြိုးရေးများ ကိုတင်ပြပေးကြရန်ပြောကြားပြီး ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌဦး မျိုးသွင်ကလည်း ယခုလိုပုံမှန်အစည်းအဝေးကိုမပျက်မကွက် တက် ရောက်လာကြသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီ ၂ဝ၂ဝပြည့်နှစ်မှာလည်း အနိုင်ရပါတီဖြစ်ဖို့ အားလုံး ကြိုးပမ်း အားထုတ်ကြပါရန် မှာကြားကာ အလံတင်ခြင်းအခမ်းအနားနှင့် ရပ်/ကျေးလစဉ် ပုံမှန်အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာပြီးစီးကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)