ငှက်ပျော်သီး အကြောင်း လှို့ဝှက်ချက်များ

ငှက်ပျောသီးလို့ ပြောလိုက်တာနဲ့ လူတွေကတော့ အဝါရောင် ရှိတဲ့ နူးနူးညံ့ညံ့နဲ့ စားလို့ကောင်းတဲ့ အသီးလို့ဘဲ သိကြမှာပါ။ ဒါပေမဲ့လည်း ငှက်ပျောသီးကိုတော့ ဘယ်လိုနေရာတွေမှာ အသုံးဝင်ပြီး ဘယ်လိုနေရာတွေမှာ ဆိုးကျိုးဖြစ်ပေါ်လည်းဆိုတာကိုတော့ သေချာမသိဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ ပေ့ခ်ျကတော့ သင်မသိသေးတဲ့ ငှက်ပျောသီး အကြောင်းကို တင်ပေးလိုက်ပါတယ်။

၁. ငှက်ပျောသီးဟာ ပျားတွေကြိုက်တဲ့ အစားအစားဖြစ်တယ်

ငှက်ပျောသီးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်သလို ပျားတွေလည်း အလွန်ကြိုက်တဲ့ အသီးလည်း ဖြစ်တယ်။ ပျားအပြင် အခြားသော အင်းဆက်ပိုးမွှားများလည်း ငှက်ပျောသီးကို နှစ်သက်ကြပါတယ်။ ပုပ်သိုးသွား သော ငှက်ပျောသီးကတော့ လူတွေအတွက် ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ဖြစ်နိုင်ပါတယ်။

၂. ငှက်ပျောသီးဟာ ရေဒီယိုသတ္တိကြွမှုများဖြစ်ပေါ်တက်တယ်

ငှက်ပျောသီးမှာ ပိုတက်ဆီယံ ပမာဏအများအပြား ပါဝင်ပြီး ဒါဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်ပါတယ်။ ပိုတက် ဆီယံပမာဏများလာချိန်မှာတော့ ရေဒီယိုသတ္တိဓါတ်တွေဟာ အနည်းငယ် ဆူပူအုံကြွလာမှုများ ဖြစ်တက်ပြီး ပိုတက်ဆီယံ ပမာဏ အနုည်းငယ်မှာလည်း ဖြစ်တက်ပါတယ်။ သင်စားလိုက်တဲ့ ငှက်ပျောသီးမှာ ပိုတက်ဆီယံ များနဲ့အတူ ဗိုက်ထဲကို ရောက်ရှိသွားတာပါ။ ငှက်ပျောသီးစားပေးပါက ရေဒီယိုသတ္တိကြွတဲ့ ဓါတ်ဖြစ်ပေါ်လာ တာကြောင့် ဓါတ်ရောင်ခြည်သင့်စေပါတယ်။ ဒါပေမဲ့လည်း လုံလောက်တဲ့ ဓါတ်ရောင်ခြည်ရဖို့ကတော့ ငှက်ပျောသီးအလုံးပေါင်း ၁၀ သန်းလောက်ကို တခါထဲစားနိုင်မှ ရမှာပါ။ ဒါကြောင့် ပုံမှန်စားနေတဲ့သူအဖို့ကတော့ ဒီအရာဟာ ဘာမှမသိသာပါဘူး။

၃. ငှက်ပျောသီးဟာ အင်အားဖြစ်စေတယ်

တခါထဲနဲ့ ၂၆ မိုင်လောက်ပြေးနိုင်တဲ့သူတွေက ချီးကျူးစရာပါ။ ပြီးတော့လည်း ကိုယ်ကာယကြံ့ခိုင်ရေး ဦးစားပေး လှုပ်ဆောင်တဲ့သူတွေကလည်း ချီးကျူးစရာပါဘဲ။ သူတို့တွေအတွက်ကတော့ ငှက်ပျောသီးကို စားသုံးခြင်းဖြင့် အင်အားကို ပြန်လည်ရယူကြပါတယ်။ ဒါကြောင့် အားကစားလိုက်စားတဲ့သူတွေဟာ ငှက်ပျောသီးကို စွဲစွဲမြဲမြဲစားကြတာပါ။ Guinness မှတ်တမ်းမှာတောင် ၂ နာ၇ီ ၄၇ မိနစ်နဲ့ မာရသွန်ပြေးပွဲမှာ စံချိန်တင်ထားတဲ့ သူတောင်မှ ငှက်ပျောသီးဟာ သူ့အတွက်အကောင်းဆုံး အစာလို့လည်း ပြောခဲ့ဖူးပါတယ်။

၎. ငှက်ပျောသီးဟာ သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်

ငှက်ပျောသီးဟာ သင်တို့ရဲ့အပြုံးတွေအတွက် ကောင်းတဲ့အစားအစာတစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ ငှက်ပျောသီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရာတွေများတယ်။ ပိုတက်ဆီယံပမာဏ များတာကြောင့် သွားတွေကို ဖြူစေဖို့ အထောက်အကူပြုပေးတယ်။ ထို့နောက် ငှက်ပျောသီးအခွံမှာလည်း ပိုတက်ဆီယံဓါတ်ပါနေတာကြောင့် ငှက်ပျောခွံကို သွားမှာတိုက်ပေးခြင်းဖြင့်လည်း သွားအတွက်ကောင်းစေတယ်။ ၂ မိနစ်လောက်ကို ၁ ပတ်နှစ်ကြိမ် တိုက်ပေးခြင်းဖြင့် သွားများကို တဖြည်းဖြည်း ဖြူဝင်းလာစေမှာပါ။

၅.ငှက်ပျောသီးအများစုဟာ အားလုံးအတူတူပါဘဲ

သင်ဘယ်အရွယ်ကတည်းက ငှက်ပျောသီး စစားခဲ့တာပါလဲ။ ဘာငှက်ပျောသီးလဲ။ ငှက်ပျောသီးမှာတော့ အမျိုးအမည်နဲ့ ကွဲပြားနေတဲ့ ငှက်ပျောသီးတွေရှိပါတယ်။ ဒါပေမဲ့လည်း သူတို့အားလုံး မှာတော့ တူညီတဲ့ ဓါတ်တွေ ပါဝင်ကြပြီး အနည်းငယ်သာ ကွာဟတာပါ။ ယေဘုယျအားဖြင့်တော့ တူညီကြတယ်။ စိုက်ပျိုးတဲ့ အပေါ်မှာသာ မူတည်ပြီး ငှက်ပျောသီးအရွယ်အစားဟာ ကြီးသွား၊ သေးသွားမှာ ဖြစ်တယ်။ ငှက်ပျောသီးကြီးကြီးမှာတော့ ပါဝင်တဲ့ အာနိသင်ပိုများမှာဖြစ်ပြီး ငှက်ပျောသီးသေးသေးမှာတော့ ပါဝင်တဲ့ ပမာဏ အနည်းငယ်ပိုနည်းမှာပါ။

၆.ငှက်ပျောသီးအားလုံးက အဝါရောင်မဟုတ်ပါဘူး

သင့်အနေနဲ့ အဝါရောင်မဟုတ်တဲ့ ငှက်ပျောသီးကို တွေ့ဖူးပါသလား။ ဟုတ်ပါတယ်။ ငှက်ပျောသီးအားလုံးကတော့ ဝါမနေပါဘူး။ နေရာဒေသနဲ့ ဗီဇကို လိုက်ပြီး အနီရောင်၊ ကြက်သွေးရောင်နဲ့ ခရမ်းရောင်အထိတောင် ရှိပါတယ်။ ဒါပေမဲ့လည်း အနီရောင် ငှက်ပျောသီးတွေကတော့ အမှည့်လွန်ရင်တော့ ခါးနေတက်ပါတယ်။

၇. ငှက်ပျောသီးဟာ အရေပြားပြသာနာများအတွက် အသုံးဝင်ပါတယ်

သင်ငှက်ပျောသီးကို စားပြီးလျင် အခွံကိုမပစ်ထုတ်လိုက်ပါနဲ့ ။ သူဟာအရေပြားအတွက် တကယ်ကို ကောင်းမွန်ပါတယ်။ အခြားသော ဆေးဖက်ဝင်အပင်များကဲ့သို့ အသုံးဝင်တယ်။ အရေးပြား ပေါ်မှာတော့ အကောင်ကိုက်ခြင်း၊ ယားယံခြင်းဖြစ်တာတို့ကိ ငှက်ပျောသီး အခွံဖြင့် ပွတ်တိုက်ပေးခြင်းဖြင့် သက်သာပျောက်ကင်း စေတယ်။

၈.ငှက်ပျောသီးဟာ ခေါင်းကိုက်ခြင်းကို သက်သာစေတယ်

တချို့သော ခေါင်းကိုက်တက်တဲ့ သူတွေအတွက်ငှက်ပျောသီးဟာ အသုံးဝင်ပါတယ်။ ငှက်ပျောသီးကို စားပေးခြင်းဖြင့် မဟုတ်ဘဲ ငှက်ပျောသီးခွံကို အသုံးပြုပေးခြင်း ဖြစ်ပါတယ်။ အရင်ဆုံး ငှက်ပျောသီးတစ်လုံးကို ယူပြီး အခွံခွာလိုက်ပါ။ ပြီးတော့ အခွံတခုကို နဖူးပေါ်တွင်ကပ်ထားပါ။ နောက်ထပ် အပိုင်းလေးနှစ်ခုလုပ်ပြီး ခေါင်းရဲ့ အနောက်မှာ ကပ်ထားပေးပါ။ ပြီးတော့ သက်တောင့်သက်သာ ထိုင်နေပြီး အနားယူလိုက်ပါက သက်သာ သွားစေပါတယ်။

Credit: လပ်ကီးမြန်မာ