မလေးရှားမှာ ရာနဲ့ချီတဲ့ ဘဏ်စာရင်းတွေ ပိတ်

1MDB ရန်ပုံငွေကို မလျော်မကန်လုပ်မှုနဲ့ အလွဲသုံစားလုပ်မှုနဲ့ ဆက်စပ်ပြီး ရာနဲ့ချီတဲ့ ဘဏ်ငွေစာရင်းတွေကို ရုံးမိန့်နဲ့ ပိတ်ပစ်လိုက်ပြီလို့ မလေးရှား တာဝန်ရှိသူတွေက မနေ့ကပြောကြားပါတယ်။ ပုဂ္ဂလိက တစ်ဦးချင်း၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဘဏ်စာရင်းတွေ ပိတ်ပစ်တာပါ။ အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မှုနဲ့ စုစုပေါင်းဒေါ်လာ ၂၇၂ သန်းရှိတဲ့ ဘဏ်ငွေစာရင်း ၄၀၈ ခုကို ပိတ်ပစ်တယ်လို့ ဆိုပါတယ်။ 1MDB ရဲ့ ရန်ပုံငွေ ရရှိတယ်လို့ ယုံကြည်ရတဲ့ ပုဂ္ဂိုလ် ၈၁ ယောက်နဲ့ ကုမ္ပဏီ ၅၅ ခုရဲု့ ဘဏ်စာရင်းတွေ ပိတ်ပစ်တာလည်း ဖြစ်ပါတယ်။

၂၀၁၁ ခု မတ်လကနေ ၂၀၁၅ စက်တင်ဘာအတွင်း အကြိမ်ပေါင်း ၉၀၀ နီးပါး ငွေအလွှဲအပြောင်းလုပ်တယ်လို့ ပြောပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့ United Malays National Organisation UMNO ပါတီ ဘဏ်စာရင်းကိုလည်း ပိတ်ထားပါတယ်။ 

-Ref; RFA