နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီမှစ၍ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးက တက်ရောက်လာသည့် ရပ်/ကျေးဥက္ကဋ္ဌနှင့်ပြည်ခိုင်ဖြိုးပါတီဝင်များ အား ပါတီ၏ စည်းကမ်းနှင့်အညီ ပြည်သူ များကြားတွင် ပူးပေါင်းပါဝင်လုပ်ဆောင် ပေးနိုင်ဖို့နှင့်အတူ လိုအပ်သည်တို့ကို မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီပေးပါရန်စသဖြင့် မှာကြားခဲ့သည်။

ဆက်လက်ပြီး အတွင်းရေးမှူးဒေါ်အေး မာကြူကပါတီမူဝါဒနှင့်အတူလက်ရှိမြန်မာ့ နိုင်ငံရေး ကြုံတွေ့ရသည့်အခက်အခဲများ ပြောကြားခဲ့သည်။ တက်ရောက်လာသည့် ရပ်/ကျေးဥက္ကဋ္ဌများကလည်း သိလိုသည် များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ပါတီ ဥက္ကဋ္ဌက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။