ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ခရိုင် မြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဘားအံ ဇူလိုင် ၂

ဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် သည် ယမန်နေ့နံနက် ၁ဝ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်မတွင် ကျင်းပသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်က အပတ်စဉ်ပုံမှန်အစည်းအဝေးတွင် ပါတီဌာနချုပ်က ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်ဆွေးနွေးခြင်း၊ ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှ အစည်းအဝေးဆုံးဖြတ်ချက်များကို ပြည်လည်ဆွေးနွေးခြင်း၊ ပြည်နယ် ကော်မတီဝင်များက ပြန်လည်ဆွေး နွေးခြင်း၊ ခရိုင်/မြို့နယ် ပါတီ ဥက္ကဋ္ဌများက မိမိတို့ ခရိုင်၊ မြို့နယ် အလိုက် လုပ်ငန်းဆောင်ရွက်ချက် များကို ဆွေးနွေးပြောကြားခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၂ နာရီ တွင် ရုပ်သိမ်းခဲ့သည်။