မက္ကဆီကို သမ္မတရွေးကောက်ပွဲကျင်းပ

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေကိုတွေ့ရစဉ်

မက္ကဆီကိုနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ ပါလီမန်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ မဲပေးမှု စတင်နေပြီ ဖြစ်သည်။

 သမ္မတရွေးကောက်ပွဲတွင် ထိပ်ဆုံး၌ ရေပန်းစားသူသည် မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်း လက်ဝဲယိမ်း မယ်နျူရယ် လိုပက်ဇ်အိုဘရာဒါဖြစ်ပြီး ၎င်းက အကျင့်ပျက်ခြစားမှုများကို ချေမှုန်းမည်ဟု ကတိပြုထားသည်။

အကယ်၍ အိုဘရာဒါ အနိုင်ရပါက ၎င်းအနေဖြင့် မက္ကဆီကို နိုင်ငံကို နှစ်ပေါင်း ၁၀၀ ခန့် အုပ်ချုပ်လာသော ပါတီကြီး နှစ်ရပ်ကို ဖယ်ရှားပစ်ခြင်းဖြစ်လာမည်။

နှစ်ပေါင်း ၁၀၀ ခန့်ကာလ အတွင်း မက္ကဆီကိုကို ဦးဆောင်မည့် ပထမဆုံး လက်ဝဲယိမ်းဖြစ်လာမည်ဖြစ်သည်။

မက္ကဆီကို မဲဆန္ဒရှင်များသည် လက်ရှိသမ္မတ ပင်ညာနီယက်တို၏ အစိုးရကို အစားထိုးလိုကြသည်ဟု ဘီဘီစီ သတင်း ဌာနမှ မက္ကဆီကိုသတင်းထောက် ဝီလ်ဂရန့်က ပြောသည်။

ထို့အပြင် မဲဆန္ဒရှင်များက မက္ကဆီကိုစီးပွားရေး နှေးကွေးမှု နှင့် ပြစ်မှုထူပြောမှုများကို စိတ်ပျက်နေသည်။

အိုဘရာဒါ (၆၄)နှစ်က မဲဆွယ်ပွဲတွင် ဗဟိုဘဏ်အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်မည်ဟု အခိုင်အမာပြောကြားပြီး နိုင်ငံတော်၏ အလွဲသုံးစားမှုများ နိုင်ငံရေးနှင့် စီးပွားရေးအီလစ်များ၏ ခြယ်လှယ်မှုများကို ဖယ်ရှားရှင်းလင်း၍ အလုပ်သမားလစာများ နှင့် ပင်စင်ငွေများ တိုးမြှင့်ပေးမည်ဟု ကတိပြုထားသည်။

 အိုဘရာဒါသည် ရွေးကောက်ပွဲများနှင့် စိမ်းသူမဟုတ်ဘဲ ၂၀၀၆ နှင့် ၂၀၁၂ သမ္မတရွေးကောက်ပွဲများတွင် ဒုတိယမဲအများဆုံးရရှိခဲ့ပြီး ယခုရွေးကောက်ပွဲမဲဆွယ်ကာလ လူထုစစ်တမ်းများတွင် အမြဲတမ်းထိပ်ဆုံးက ဦးဆောင်ခဲ့သည်။

 လက်ရှိသမ္မတ ပင်ညာနီ လက်တိုသည် ဥပဒေအရ ပြန် လည်ရွေးကောက်ခံခွင့် မရှိပေ။

အိုဘရာဒါ၏ အနီးဆုံးပြိုင်ဘက်သည် ရီကာဒိုအယာနာဖြစ်ပြီး အမျိုးသားလှုပ်ရှားမှုပါတီ(PAN)၏ ကိုယ်စားလှယ် ဖြစ်သည်။ ရီကာဒိုအယာနာက အိုဘရာဒါသည် လူပြိန်းကြိုက်ဝါဒီဖြစ်ပြီး စီးပွားရေးကို ဦးဆောင်ရန် မယုံကြည် ရသူဟု ပြောကြားခဲ့သည်။   

—Ref: BBC