ရခိုင်ပြည်နယ်မှာ ကန့်သတ်တားမြစ်ထားတာမရှိလို့ ကာချုပ် ပြော

ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံ တစ်ရာ ကန့်သတ်တားမြစ်ထားတာမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ဒီနေ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“ ပြောတဲ့ဟာက တပ်မတော်ဘက်က ကန့်သတ်ထား၊ တားမြစ်ထားတာ မရှိဘူး။ အစိုးရဘက်ကတော့ မသိဘူးပေါ့လေ။ တပ်မတော်ဘက်က ကန့်သတ်ထားတာ မရှိဘူးပေါ့လေ။ ကျနော်တို့ဘက်က ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာ မရှိတဲ့အချက်ကို အများသိအောင်လည်း အသိပေးသင့်တယ်ပေါ့။ ကျနော်တို့ဘက် ကတော့ အဲဒီလိုပြောခဲ့ပါတယ်”

ဒါ့အပြင် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ခေါင်းဆောင် ၁၃ ဦးဟာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဘက်က တုံ့ပြန် သွားဖို့မရှိဘူးလို့ ပြောပါတယ်။ တဆက်တည်း တပ်မတော်နဲ့ NLD အစိုးရကြား ဆက်ဆံရေးမှာလည်း အဆင်ပြေ နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

RFA Burmese