ကြည့်မြင်တိုင်မြို့နယ်တွင် ရခိုင်ပြည်နယ်အရေးဆွေးနွေး

 

ရန်ကုန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး ကြည့် မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အရေးအား ပြည်သူသို့ ချပြဆွေးနွေးပွဲ အခမ်း အနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါတီ အရန်ဗဟိုကော်မတီဝင် ဦးနေဝင်း နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် မြို့နယ် ကော်မတီဝင်များနှင့် စိတ်ပါဝင် စားသူပြည်သူများ တက်ရောက်ခဲ့ သည်။
အခမ်းအနား အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခမ်း အနားဖွင့်လှစ်သည်။ ထို့နောက် ပါတီအရန်ဗဟိုကော်မတီဝင်ခရိုင် ပါတီဥက္ကဋ္ဌဦးနေဝင်းက အမှာ စကားပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်တွင် ယနေ့ဖြစ်ပေါ်လျက်ရှိသည့် အရေး ကိစ္စများနှင့်ပတ်သက်၍ ရန်ကုန် အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီကော် မတီဝင် ဒေါ်ကြည်ကြည်မာနှင့် အမျိုးသားရေး ဆောင်ရွက်သူ ဦးအောင်နိုင်ကြည်တို့မှ ရခိုင်ပြည် နယ်အရေးအား ကော်မတီ ကော် မရှင်များဖွဲ့စည်းထားခြင်းနှင့်ပတ် သက်၍ ရခိုင်အရေးသည် တစ်မျိုး သားလုံးပါဝင်ဆောင်ရွက်ရမည့် အရေးဖြစ်၍ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရေး၊ ပြည်သူသို့ ချပြဆွေးနွေးသင့်ကြောင်း ပြည်သူ့ သဘောထားကိုရယူဆောင်ရွက် သင့်ကြောင်းတို့ကို ဟောပြောဆွေး နွေးကြသည်။

ထို့နောက် ဇာတိမာန်သီချင်း သီဆို၍အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)