ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရခိုင်အရေးပြည်သူ့သဘောထားအမြင်ဆွေးနွေး

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်အရေး ပြည်သူ့သဘောထားအမြင်ဆွေးနွေး ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝါရင့် သတင်းစာဆရာကြီး စာရေးဆရာ တက္ကသိုလ်မြတ်သူ၊ အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှ မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ အင်အား ၈၅ဦး ခန့်တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီးခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်းက အမှာစကား ပြောကြားသည်။

ထို့နောက် ဝါရင့်သတင်းစာ ဆရာကြီးစာရေးဆရာ တက္ကသိုလ် မြတ်သူက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေ အနေ၊ ရခိုင်ပြည်နယ်အရေးနှင့် ရခိုင်အရေးကိစ္စတွင် စုံစမ်းစစ်ဆေး ရေးကော်မတီ၌ နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါဝင်နေမှုနှင့်ပတ်သက် ၍ ရခိုင်ပြည်နယ်အရေး ပြည် ထောင်စုမှ ပဲ့မထွက်စေရေး ကိစ္စ များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေး မြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှမြင့်က ပါဝင်ဆွေးနွေးဟော ပြောသူများအားကျေးဇူးတင်ကြောင်း နိဂုံးချုပ် စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ဝင်းကျော်(ဒေါပုံ)