မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

 

25 June 2018

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးဆွေးနွေးပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နိုင်ငံ တော်သီချင်းသီဆို၍ဖွင့်လှစ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးတင်အောင်ကအဖွင့် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက်ဆရာကြီးတက္ကသိုလ် မြတ်သူက ယနေ့နိုင်ငံရေးအခြေ အနေများကို ဆွေးနွေးဟောပြောခဲ့ သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ဦးတင် အောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးတင်ရှိန်နှင့် မြို့ နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက် ၂ဝ မှ ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း ၈ဝ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)