ပြည်နယ်ပါတီအတွင်းအရေးမှူး ရေဘေးသင့်ကျောင်းများရှိ ကျောင်းသူကျောင်းသားများအား ကျောင်းသုံးပစ္စည်းများသွားေ၇ာက်လှူဒါန်း

 

ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စုရှိ ဇာကဒွန်းမူလွန် ( ၁ ) ဇာကဒွန်း အမက ( ၂ )၊ ၀ါရီရူအမက ( ၂ ) ရှိကျောင်းသားကျောင်းသူ ၇၀၆ ဦးနှင့် ရေမြုပ်လျှက်ရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ ၁၀၀ ကျော်အား ကျောင်းသုံးစာအုပ်၊ ခဲတံ၊ ဘောပင်အစရှိသော ကျောင်းသုံးပစ္စည်းများအား ယနေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ဦးဆောင်မှုနှင့်အတူ ခရိုင်၊မြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယနေ့ မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုနှင့်အတူ သထုံခရိုင်၊ ပေါင်မြို့နယ်ပါတီကော်မတီဝင်များမှ၏ မုတ္တမကျေးရွာသို့ သွားရောက်လှူဒါန်းမှုမှာ စာအုပ် ၃၀၄ ဒါဇင်၊ ဘောပင်ခဲတံ ၇၅၀ ချောင်း စုစုပေါင်းတန်ဖိုး ၆ သိန်း ၅သောင်းကျော် သွားရောက်လှူဒါန်းခဲ့ပြီး ထိုလှူဒါန်းရာသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ သထုံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပြည်နယ်၊ခရိုင်မြို့နယ်ပါတီကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။