မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ ထရမ့်ပြော

မြောက်ကိုရီးယားရဲ နျူကလီးယား ခြိမ်းခြောက်မှု မရှိတော့လို့၊ အခုဆိုရင် မြောက်ကိုရီးယားဟာ အမေရိကန် ပြည်ထောင်စုအတွက် အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး ပြဿနာ မဟုတ်တော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စင်္ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် အမေရိကန်ကို ပြန်ရောက်လာတဲ့ ထရမ့်က ကြေညာလိုက်တာပါ။

သမ္မတတာဝန် မိမိစတင်ထမ်းဆောင်ခဲ့ချိန်ကထက် အခုဆိုရင် အားလုံး ဘေးအန္တရာယ်ကင်းစင်သွားပြီလို့ စိတ်ချလက်ချ ခံစားနိုင်ကြပြီဖြစ်ကြောင်း၊ ကင်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရတာဟာ စိတ်ဝင်စားစရာလဲကောင်း၊ အပြုသဘောလဲဆောင်တဲ့ ဆွေးနွေးမှုဖြစ်ကြောင်း၊ မြောက်ကိုရီးယားရဲ့ ရှေ့ရေးအနာဂတ် အလားအလာကောင်း ကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။

စင်္ကာပူမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ကင်ဂျုံအွန်းက တနိုင်ငံနဲ့ တနိုင်ငံ ရန်လိုတဲ့လုပ်ရပ်တွေကို ရှောင်ရှားဖို့ အတွက် ဥပဒေ စည်းမျဉ်းတွေ၊ မူဝါဒတွေချမှတ် ဆောင်ရွက်သင့်တယ်လို့ ပြောကြားခဲ့သလို၊ ဒေါ်နယ်ထရမ့် ကလည်း သဘောတူခဲ့ပါတယ်။ ကင်ဂျုံအွန်းက ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား လုံးဝကင်းစင်ဖို့ အာမခံခဲ့ပြီး၊ သမ္မတ ထရမ့်ကလည်း တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ထိပ်သီးခေါင်းဆောင် နှစ်ဦး လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်မှာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား ဖျက်သိမ်းရေး အစီအစဉ်နဲ့ ပတ်သက်ပြီး၊ အသေးစိတ် အချက်အလက်တွေ မပါဝင်သလို၊ မြောက်ကိုရီးယားအတွက် လုံခြုံရေး အာမခံချက် နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ အစီအစဉ်ဆိုတာကိုလည်း အတိအကျ ဖေါ်ပြမထားဘူးလို့ ဝေဖန်သူတွေကပြောဆိုနေပါတယ်။

-Ref;RFA