ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ် ဟေးလ် အနားယူကြောင်း ကြေညာ

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ် ဟေးလ်ဟာ လက်ဝှေ့သမား ဘဝကနေ အနားယူတော့မှာ ဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ လက်ဝှေ့အားကစားကနေ အနားယူဖို့ ကြေညာလိုက်တာဟာ နောက်ထပ် တစုံတရာ အသစ်ကို စတင်ဖို့အတွက် ဖြစ်တယ်လို့ ဟေးလ်က ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဟေးလ်ဟာ ပြီးခဲ့တဲ့ မေလက နောက်ဆုံး ထိုးသတ်ထားတဲ့ ပွဲစဉ်မှာ တနိုင်ငံတည်းက တိုနီဘဲလူးကို ရှုံးနိမ့်ထားပါတယ်။

ဟေးလ်ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝကို ၂၀၀၂ ခုနှစ်မှာ ပြောင်းလဲခဲ့ပါတယ်။ သူဟာ လက်ဝှေ့သမား သက်တမ်းအတွင်း ယှဉ်ပြိုင်ထားတဲ့ ၃၂ ပွဲမှာ ၂၈ ပွဲနိုင်ပြီး ၄ ပွဲ ရှုံးနိမ့်ထား ပါတယ်။

-Ref; Sky sports