မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးတွင်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့တွေ့ဆုံပွဲအား မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ယနေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီခွဲအထိ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၏ အနယ်နယ်အရပ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိစေရန်၊ မိမိတို့ နေထိုင်ရာဒေသများမှ အတွေ့အကြုံများအား အမြင်ချင်းနှီးနှောဖလှယ် နိုင်စေရန်၊ အနာဂတ်ကာလ ပြည်ခိုင်ဖြိုးပါတီ၏ လူသွေးသစ်များအား ပါတီ၏ဦးဆောင်ကဏ္ဍတွင် ပါဝင်လာနိုင်စေရန် အစရှိသော ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲအား တက်ရောက်လာသူများက နိုင်ငံတော်သီချင်း သံပြိုင် သီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် လူငယ် ရေးရာတာဝန်ခံဦးကျော်ဌေးတို့က အဖွင့်နှုတ်ခွန်းဆက်စကားများ အသီး သီး ပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှု အဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့တို့က လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ပေးအပ်၍ စည်းရုံးရေး အတွေ့အကြုံဖလှယ်ခြင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ မိမိတို့ပါတီအတွက် မီဒီယာအင်အားဖြင့် အထောက်အပံ့ပြု ရေး၊ဖက်ဒရယ်စနစ်ကိုလေ့လာခြင်းစသောခေါင်းစဉ်များအား ပြည်ခိုင်ဖြိုး ပါတီဝင်လူငယ်များအချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ ညအိပ်ရပ်နားမည့် တောင်စလင်းတိုက်သစ်ဘုန်းတော်ကြီး ကျောင်းသို့သွား ရောက်၍ ကျောင်းတိုက် ပရိဝုဏ်အတွင်း ကုဋီများဆေးကြောခြင်း၊ အမှိုက် ကောက်ခြင်း အစရှိသော သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီလူငယ် ရေးရာကဏ္ဍတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် များ၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဒေါ်သီတာထွေး၊ ပြည် ထောင်စုနယ်မြေပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် ဦးခင်မောင်ထွန်း ၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့မှ လူ ငယ် ၉၈ ဦး၊ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့မှ လူငယ် ၉၈ဦးတို့ အပါအဝင် စုစုပေါင်းအင်အား ၂၅ဝခန့် တက်ရောက် ခဲ့သည်။

သုတ