မန်ယူရဲ့ပစ်မှတ် ဂျက်စတင်ကလွိုက်ဗက် ရိုးမားကိုရောက်ပြီ

မန်ယူအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အေဂျက်ဇ်အသင်းတောင်ပံကစားသမား ဂျက်စတင်ကလွိုက်ဗက်ဟာ ရိုးမားအသင်းကို စုစုပေါင်းတန်ကြေးပေါင် ၁၅.၈၅သန်း(ယူရို ၁၈ သန်း)နဲ့ ပြောင်းတော့မယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဟာ နယ်သာလန်လက်ရွေးစင်ဟောင်း ပက်ထရစ်ကလွိုက်ဗက်ရဲ့ သားဖြစ်ပြီး သူ့အဖေက အေဂျက်ဇ်မှာဘဲ ဆက်နေဖို့ တိုက်တွန်းခဲ့ပေမယ့် အသင်းပြောင်းခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ရောမမြို့က ဖူမီစီနိုလေဆိပ်ကို သူရောက်လာချိန်မှာ ရိုးမားပရိသတ် ၅၀၀ လောက်က ကြိုဆိုခဲ့ကြပါတယ်။ သူဟာဒီကနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အပြီးသတ် လက်မှတ်ထိုးဖို့လည်း စီစဉ်ထား ပါတယ်။ ရိုးမားဟာ ဒီရာသီချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။

90Minutes