မြင်းခြံပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများအား အာဟာရဒါနနှင့်စာရေးကိရိယာလှူဒါန်း

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေးအိမ်တန်း ကျေးရွာရှိ ရွှေညောင်ပင်ကျောင်းတိုက်တွင်ဖွင့်လှစ် သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ကျောင်းသို့သွားရောက်၍ မူလတန်းသင်တန်းသား ၂၃ဝ တို့အား အာဟာရဒါနအဖြစ် ရေခဲမုန့်၊ စာရေးကိရိယာများ ယနေ့တွင် လှူဒါန်းကျွေးမွေးခဲ့ကြသည်။ ၄င်းနောက် လေးအိမ်တန်းကျေးရွာပါတီဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် ပါတီဆိုင်းဘုတ်စိုက်ထူခဲ့ကြသည်။

ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ရပ်ကွက်/ကျေးရွာများမှပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

Union daily