ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပရန် ရုရှားအဆင်သင့်ဖြစ်နေပြီဟု ဖီဖာဥက္ကဋ္ဌပြောကြား

ဖီဖာဥက္ကဋ္ဌအင်ဖာတီနို က အိမ်ရှင်ရုရှားနိုင်ငံတွင် လူမျိုး ရေးခွဲခြားမှု၊ လူ့အခွင့်အရေး၊ လုံ ခြုံရေးတို့နှင့် ပတ်သက်၍ ကမ္ဘာ့ ဖလားမစမီတစ်ပတ်အလို၌စိုးရိမ်မှုများကိုဖြေရှင်းစဉ် ရုရှားသည် ယင်းပြိုင်ပွဲကို လက်ခံကျင်းပရန် ရာနှုန်းပြည့် အသင့်ရှိသည်ဟု ပြောသည်။

ရုရှားသည် မော်စကို၊ စိန့် ပီတာစဘတ်နှင့် ဆိုချီအပါအ၀င် မြို့များရှိ ကစားကွင်း ၁၂ ကွင်း တွင် ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ယင်းပြိုင်ပွဲကို လက်ခံ ကျင်းပမည်ဖြစ်ပြီး အင်ဖာတီနိုက လာရောက် အားပေးသူများ ကောင်း စွာပြုမူဆက်ဆံခံရမည် ဟု ယုံကြည်ထားသည်။

ရုရှားသည် ရာနှုန်းပြည့်အ သင့်ဖြစ်နေပြီဟု မိမိတို့ပြောနိုင် ကြောင်းနှင့် ဇွန်လ ၁၄ ရက်တွင် ရုရှားနှင့် ဆော်ဒီအာရေးဗီးယား တို့ စတင်ယှဉ်ပြိုင်ချိန်၌တစ်ကမ္ဘာ လုံးက ယင်းအခြေအနေကို မြင် တွေ့ရမည်ဖြစ်ကြောင်း အင်ဖာ တီနိုက ပြောသည်။

ဘောလုံးကွင်းများ လှပပုံ၊ ရုရှားက ကြိုဆိုပုံနှင့် ကြိုတင်ပြင် ဆင်မှုများမည်သို့ပြုလုပ်ထားပုံ ကို လူတိုင်းကိုယ်တွေ့ မြင်တွေ့ရ မည်ဟုအင်ဖာတီနိုကပြောသည်။

ကမ္ဘာ့ဖလားအတွက် ပြင် ဆင်နေချိန်တွင် ရုရှားသည် ဘောလုံးပွဲများ၌ လူမျိုးရေးခွဲခြားမှု အပြင် ပရိသတ်နှင့် အသင်းလုံခြုံရေးအပါအ၀င် ပြဿနာများစွာ နှင့်ပတ်သက်၍ ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။

မတ်လက စိန့်ပီတာစဘတ်မြို့တွင် ပြင်သစ်နှင့်ခြေစမ်းစဉ် ပြင်သစ်ကစားသမားများကို ပရိသတ်များက လူမျိုးရေး ခွဲခြားစော်ကားသော အော်ဟစ်မှုများကြောင့် ဖီဖာက ရုရှားကို ပေါင် ၂၂,၆၈၂ ဒဏ်ရိုက်ခဲ့သည်။

ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေး(သို့မဟုတ်) လုံခြုံရေး စိုးရိမ်ရသည်ဟု မပြောသော်လည်း သင့်တော်သော နည်းလမ်းများဖြင့် ဆောင်ရွက်ထားကြောင်း အင်ဖာတီနိုက ပြောသည်။       

-Ref;Reuters