ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Baise မြို့အောက်ခြေပါတီဆွေးနွေးပွဲသို့တက်ရောက်

 

နေပြည်တော် ဇွန် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဦးဆောင်သောချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည်ယမန် နေ့ နံနက် ၉ နာရီ ၅၅မိနစ်တွင်Nanning မြို့မှ မြန်နှုန်းမြင့် ကျည် ဆန်ရထားဖြင့် Baise မြို့သို့ ထွက် ခွာခဲ့ကြသည်။ ၄င်းနောက်Baiseမြို့ Baise Executive Leadership Academy (BELA) ခေါင်း ဆောင်မှုလေ့ကျင့်ရေးအကယ်ဒမီ သို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက် ရှိခဲ့ကြသည်။

ထို့နောက် ဗဟိုအလုပ်အမှု ဆောင် ဦးခင်ရီနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၃နာရီတွင် ခေါင်းဆောင်မှုလေ့ကျင့် ရေးအကယ်ဒမီ(BELA)မှ စည်း ရုံးရေးဌာနမှူး မစ္စတာရှီယွမ် ဦးဆောင်ဆွေးနွေးသည့်Baise မြို့ အောက်ခြေပါတီတည်ဆောက်ရေး ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပြီး ညနေ ၅ နာရီခွဲတွင်(BELA) အတွင်း လှည့်လည်ကြည့်ရှု လေ့ လာခဲ့ကြသည်။ ယင်းနောက်ညနေ ၆ နာရီခွဲတွင် ညစာစားသုံးကာ ကွမ်ရှီးပြည် နယ်သင်တန်းကျောင်း တွင် ညအိပ်ရပ်နားခဲ့ကြသည်။

မိုးဇော်(နေပြည်တော်)