ပြည်ထောင်စုနယ်မြေနာယကဥတ္တရသီရိ ရပ်/ကျေးအစည်းအဝေးသို့တက်ရောက်

 

နေပြည်တော် ဇွန် ၅

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပြုလုပ်သော ရပ်/ကျေးအစည်း အဝေးသို့ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး တက်ရောက်ဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပြုလုပ်သော ရပ်/ကျေးအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးကျော်ဌေး၊ နေပြည်တော်ခရိုင်တာဝန်ခံ၊ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၆ဝ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

ပေါ်ဦး