သီပေါတွင် ” ပြည်သူ့စကားဝိုင်း” ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ နှင့်အဖွဲ့တက်ရောက်

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ” People Talk” ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ၅.၆.၂၀၁၈ ရက်နေ့ ၁၀း၀၀ နာရီအချိန်က သီပေါမြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့. လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပါတီနှင့်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် တက်ရောက်လာသူအချို့မှ မြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ပေါင်းစည်းပါဝင်နိုင်ရေး အကြံပြု ဆွေနွေးကြပါသည်။ ပြည်ခိုင်ဖြိုးပါတီကလည်း ပြည်နယ်ကော်မတီ ဦးစိုင်းစိန်လင်းမှလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရမ ၀၀၃