ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

 

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခန်းအနားကို ဂျွန်လ (၄) ရက်နံနက် (၉:၃၀)နာရီက မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် ပြုလုပ်ကြောင်းသိရှိရသည်။
အဆိုပါအခန်းအနားသို့ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်ဒေါက်တာပွင့်ဆန်း၊ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဌများ မြိ့နယ်ကော်မတီဝင်များနှင့်ပါတီဝင်အင်အား (၁၀၀၀) ကျော်တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခန်းအနားဖွင့်လှစ်ပြီး အရှေ့ပိုင်းခရိုင် မြို့နယ်များမှ ပါတီဝင်အဆိုပြုလွှာ (၇၀၆) စောင်နှင့်ပါတီဝင်ကြေး (၇၀၆၀၀၀) ကျပ်ကို မြို့နယ်ပါတီဥက္ကဌများမှ တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးထံပေးအပ်သည်။ထို့နောက် တိုင်းပါတီနာယက ဦးမြင့်လွင်နှင်ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့မှနှုတ်ခွန်းဆက်စကားပြောကြားသည်။
ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင်ပါတီဝင်အသစ်များကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ပါတီဝင်အသစ်များထံ အိမ်တိုင်ရာရောက်လာရောက်တွေ့ဆုံလိုသော်လည်း အချိန်မရသည့်အတွက် ယခုလိုတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် (၁၉၉၃) အသင်းဘဝက စတင်ဖွဲ့စည်းစဉ်ကပင် ပြည်သူလူထုအခက်အခဲကို ဖြေရှင်းပေးရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီဝင်များသည် လေ့ကျင့်ထားသည့်ပါတီဝင်များဖြစ်၍ အရည်အချင်းပြည့်မီသူများဖြစ်ကြောင်း၊ပါတီ၏မူဝါဒသည် ပြည်ထောင်စုမပြိုကွဲရေးဖြစ်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုမပြိုကွဲစေရန်ထိမ်းသိမ်းစောင့်ရှောက်သွားမည့် အမာခံပါတီပင် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့ဝင်များမှ ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

Myo Chit Thway