ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ မြောက်ကိုရီးယားခေါင်းဆောင်ထံ သွားရောက်တွေ့ဆုံ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နှင့် ပြုံယမ်းမြို့တွင် တွေ့ဆုံနေစဉ် (Valery SHARIFULIN / TASS / POOL / AFP)

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့သည် မေ လ ၃၁ ရက် ပြုံယမ်းခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားသတင်းဌာနများ က သံတမန်သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြသည်။

လက်ဗ်ရော့သည် ကြာသပတေးနေ့က မြောက်ကိုရီးယားသို့ သွားပြီး ကိုရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနှင့် ဆွေးနွေးခဲ့သည်။

လက်ဗ်ရော့သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ရုရှားသို့လာရန် ဖိတ်ခေါ်ခဲ့ပြီး သမ္မတ ဗလာဒီမာပူတင် က ဆုမွန်ကောင်းတောင်းလိုက်ကြောင်း ၎င်းကို ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို၏ ဖိတ်ခေါ်ချက်အရ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့သည် မေလ ၃၁ ရက်တွင် မြောက်ကိုရီးယား သို့ ရောက်လာကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။

 ရုရှားနိုင်ငံခြားရေးဝန်ကြီး က နှစ်နိုင်ငံဆက်ဆံရေး အရေးကြီးသောကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကာ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဓိကကိစ္စများကို ဆွေးနွေးမည်ဟု ဆိုသည်။

 ယခုခရီးသည် ၂၀၀၉နောက်ပိုင်း လက်ဗ်ရော့၏ ပထမဆုံး မြောက်ကိုရီးယားခရီးစဉ်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ကင်ဂျုံအန်၏ ညာလက်ရုံး ကင်ယောင်ချိုနှင့် နယူးယောက် မြို့တွင် တွေ့ဆုံကာ လာမည့်လ၌ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး သံတမန်ရေးအရ ကြိုးပမ်းနေစဉ် လက်ဗ်ရော့၏ မြောက်ကိုရီးယားခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

—Ref: Reuters